Wednesday, November 5, 2014

RIVER Pass (IQ Test Game)

 ကဲ အပြင်းပြေ ဂိမ်းလေး ဆော့ကြည့်ကြရအောင်
သင့်ရဲ့ IQ ဘယ်လောက်ရှိလဲ စမ်းတဲ့သဘောပေါ့နော်။
ဒီ ဂိမ်းလေးက သင်တို့ ငယ်ငယ်တုံးက ဆော့ခဲ့ဖူးတဲ့ ဂိမ်းလေးတစ်ခုလိုပါပဲ။

ကဲ စဆော့ကြည့်ရအောင်။
ဒီဘက်ကမ်းမှာ
ရဲသားတစ်ယောက်
အပြစ်သားတစ်ယောက်
အစိမ်းရောင် လူကြီး နဲ့ အစိမ်းရောင် သူ့ခလေး နှစ်ယောက်
ခရမ်းရောင် လူကြီး နဲ့ ခရမ်းရောင် သူ့ခလေး နှစ်ယောက်
စုစုပေါင်း လူ (၈) ယောက်ရှိပါတယ်။
ဒီလူတွေ အကုန်လုံးကို "၀ါးဖောင်လေး" တစ်ခု သုံးပြီး ဟိုဘက်ကမ်းရောက်အောင်ပို့ပေးရမှာဖြစ်ပါတယ်။

စည်းကမ်းချက်
၁။ ၀ါးဖောင် ပေါ်မှာ လူနှစ်ယောက်သာ စီးခွင့်ရှိမှာဖြစ်ပါတယ်။ ၁ ယောက်ထဲလဲ စီးခွင့်ရှိပါတယ်။
နောက်တစ်ချက်က ခလေး စုစုပေါင်း ၄ ယောက်နဲ့ အပြစ်သား ဟာ ၀ါးဖောင်ကိုမမောင်းတတ်ပါဘူး
၂။ ၀ါးဖောင်ကို စီးဖို့အတွက် လူကြီး စုစုပေါင်း ၃ ယောက် (ရဲအပါအ၀င်) သာမောင်းတတ်ပါတယ်။
အဲ့ဒီ့တော့ ဒီလူတွေ အကုန်လုံးကို ဟိုဘက်ကမ်းရောက်အောင် ပို့ပေးလိုက်ကြပါဦး။
၃။ ဒီ ဂိမ်းလေးမှာ လူကြီး တစ်ယောက်နဲ့ အပြစ်သားနဲ့ အတူတူ သွားခွင့်မရှိပါဘူး
ဘာကြောင့်လဲဆိုတော့ လူကြီးကို အပြစ်သားက အနိုင်ကျင့်မှာပါ။
အဲ့လိုပါပဲ ခရမ်းရောင် ခလေးနဲ့ အစိမ်းရောင် လူကြီးနဲ့ လဲ တူတူ သွားခွင့်မရှိပါဘူး
အစိမ်းရောင်လူကြီးက ခရမ်းရောင် ခလေးကို အနိုင်ကျင့်မှာပါ။
၎။ တဖက်ကမ်းမှာလဲ အပြစ်သားနဲ့ အတူတူ ရဲက ရှိနေမှတခြားသူတွေကို အနိုင်မကျင့်မှာပါ။
၅။ ထို့အတူ တဖက်ကမ်းမှာ အရောင်မတူတဲ့ လူကြီးနဲ့ ခလေး အတူတူ ရှိလို့မရပါဘူး။
အရောင်မတူတဲ့ ခလေးချင်း တော့ တူတူ ရှိလို့ရပါတယ်။

ကဲ အဆင်သင့်ဖြစ်ပြီဆိုရင် စဆော့လို့ရပါပြီ။
ဒီ ဂိမ်းကို ဆော့ဖို့ အတွက် သင့်ကွန်ပြူတာမှာ VLC Media Player, GOM Player ဒါမှမဟုတ် Flash Player လေးရှိရင် ဆော့လို့ရပါတယ်။
<< Download LINKS >>Only 600kb
Mediafire
4shared
pCloud
Dev-Host







No comments:

Post a Comment